ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန“ သူနာပြု-သားဖွားဒီပလိုမာ(၃)နှစ်သင်တန်းနှင့် ဘက်စုံသားဖွားဒီပလိုမာ(၂)နှစ်သင်တန်း ဝင်ခွင့်လမ်းညွှန်ထုတ်ပြန်
- mkseduservices
- Jun 14
- 1 min read
ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ သူနာပြုသင်တန်းကျောင်းများနှင့် သားဖွားသင်တန်းကျောင်းများတွင် ၂၀၂၇ ပညာသင်နှစ်အတွက် (၅-၁-၂၀၂၇) ရက်နေ့တွင် ဖွင့်လှစ်မည့် သူနာပြု-သားဖွားဒီပလိုမာ(၃)နှစ်သင်တန်းနှင့် ဘက်စုံသားဖွားဒီပလိုမာ(၂)နှစ်သင်တန်းသို့ တက်ရောက်ရန် သင်တန်း ဝင်ခွင့်လမ်းညွှန်ကို (၁၁.၆.၂၀၂၆) ရက်နေ့တွင်ထုတ်ပြန်ထားပါသည်။
#လျှောက်လွှာတင်ရမည့်ရက်နှင့်နေရာနောက်ဆုံးရက် - (၂၈-၈-၂၀၂၆) ရက်နေ့ထက် နောက်မကျဘဲ တင်ရမည်။
#လျှောက်လွှာတင်ရမည့်နေရာ - မိမိတက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့သည့် စာစစ်ဌာန တည်ရှိရာ တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန သို့ လိပ်မူ၍ ပေးပို့ရမည်။ (နေပြည်တော်ရုံးသို့ တိုက်ရိုက်လျှောက်ခြင်း မပြုရ)
လမ်းညွှန်ချက်အပြည့်အစုံကို အောက်ပါ Link ကိုနှိပ်၍ ရယူနိုင်ပါသည်။ VPN ကိုပိတ်၍ ဝင်ရောက်ရပါမည်။





Comments