top of page
Search

ရန်ကုန်ပညာရေးတက္ကသိုလ် (၅၅)ကြိမ်မြောက် ဘွဲ့နှင်း သဘင် လျှောက်လွှာတင်သွင်း လျှောက်ထားလိုသူများ ဆက်သွယ်ရန်။

  • mkseduservices
  • Jul 23, 2025
  • 1 min read

ရန်ကုန်ပညာရေးတက္ကသိုလ် (၅၅)ကြိမ်မြောက် ဘွဲ့နှင်း သဘင် လျှောက်လွှာတင်သွင်း လျှောက်ထားလိုသူများ ဆက်သွယ်ရန်။


#Viber 09890303270 / 09970012234


ရန်ကုန်ပညာရေးတက္ကသိုလ် (၅၅)ကြိမ်မြောက် ဘွဲ့နှင်းသဘင် လျှောက်လွှာတင်သွင်းရန် ကြေညာချက်

၁။ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် နှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်များတွင် ရန်ကုန်ပညာရေးတက္ကသိုလ်မှ

- PhD၊

- MEd၊ BEd(ပဉ္စမနှစ်) ၂၀၁၇ အောင်၊

- BEd(ပဉ္စမနှစ်) အမှတ်စဉ်(၂၂)အောင်၊

- BEd(စာပေး စာယူ)အမှတ်စဉ်(၄၀)၊

- BEd(စာပေး စာယူ) အမှတ်စဉ်(၄၁)၊

- BEd(စာပေးစာယူ) EDC ၃/၂၂၊ ၄/၂၂၊

- MA(TEFL)၊

- Dip(ECCD) အမှတ်စဉ်(၅)သင်တန်း၊

- Dip(ELTM)သင်တန်း၊

- (PGDip.Eng) Batch(1)&(PGDip. Eng) Batch (2)

အောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများသည် (၅၅)ကြိမ်မြောက် ဘွဲ့နှင်းသဘင် တက်ရောက်ဘွဲ့ (သို့မဟုတ်) အဝေးရောက် ဘွဲ့ယူရန် လျှောက်ထားနိုင်ပါသည်။

၂။ ဘွဲ့လျှောက်လွှာတင်သွင်းခြင်းကို ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၅)ရက်မှ စက်တင်ဘာလ (၅) ရက်အထိ နောက်ဆုံးထား၍ ရုံးချိန်အတွင်း လျှောက်ထားနိုင်ပါသည်။

၃။ လျှောက်ထားသူများသည် ရန်ကုန်ပညာရေးတက္ကသိုလ် စာမေးပွဲနှင့် ဘွဲ့နှင်းဌာနတွင် သတ်မှတ်ထားသည့် လျှောက်လွှာပုံစံဖြင့်

(၁)လအတွင်း မြန်မာဝတ်စုံဖြင့် ရိုက်ကူးထားသော (၂x၁ )လက်မ ဓာတ်ပုံ(၃)ပုံ ပူးတွဲ လျှောက်ထားရမည်။ နောက်ခံအပြာနုဖြစ်ရမည်။

သတ်မှတ်ချက်နှင့် ညီညွတ်သော ဓာတ်ပုံ (၃)ပုံ၏ နောက်ကျောတွင် အမည်၊ ခုံအမှတ်၊ မှတ်ပုံတင်အမှတ် ပီသစွာရေး၍ နိုင်ငံသားစိစစ်ရေးကတ်မိတ္တူနှင့်အတူ သတ်မှတ်သော လျှောက်လွှာပုံစံဖြင့် လျှောက်ထားရမည်။

ဘွဲ့နှင်းသဘင်ကြေး ၁၅၀၀/ (ကျပ်တစ်ထောင့်ငါးရာတိတိ)

အဝေးရောက်ဘွဲ့ကြေး ၁၀၀၀/(ကျပ်တစ်ထောင်တိတိ)

လျှောက်လွှာစတင်လက်ခံမည့်ရက်မ- ၅-၈-၂၀၂၅ရက် (အင်္ဂါနေ့)

လျှောက်လွှာပိတ်ရက်- ၅-၉-၂၀၂၅ ရက် (သောကြာနေ့)

၄။ ဘွဲ့နှင်းသဘင်ကြေးကို ကိုယ်တိုင်ပေးသွင်းလိုသူသည် ရန်ကုန်ပညာရေး တက္ကသိုလ် ငွေလက်ခံဌာနတွင်ပေးသွင်းနိုင်ပါသည်။

၅။ နယ်မှလျှောက်ထားသူများသည် ဘွဲ့နှင်းသဘင်ကြေးများကို ရန်ကုန်ပညာရေးတက္ကသိုလ် ငွေလက်ခံဌာနသို့ စာတိုက်ငွေပို့လွှာ(Postal Money Order) ဖြင့် ပေးပို့နိုင်ပါသည်။ ငွေပို့လွှာ၏ အောက်ခြေတွင် ဘွဲ့နှင်းသဘင်ကြေးဟု ဖော်ပြရမည့်အပြင် လျှောက်ထားသူ၏ အမည်၊ စာမေးပွဲအောင်မြင်သည့် ခုနှစ်၊ လ၊ စာမေးပွဲခုံအမှတ်၊ အထူးပြု ဘာသာရပ်၊ နေရပ်လိပ်စာအပြည့်အစုံ စသည်တို့ကို တိကျစွာ ဖော်ပြရပါမည်။

၆။ ဘွဲ့နှင်းသဘင်တွင် တက်ရောက်ဘွဲ့ယူရန် လျှောက်ထားပြီး ဘွဲ့နှင်း သဘင်အခမ်းအနားကို တက်ရောက်ရန် ပျက်ကွက်သူများ၏ ဘွဲ့လက်မှတ်များကို အဝေးရောက်ဘွဲ့လက်မှတ်များထုတ်ပေးသည့်အချိန်မှသာထုတ် ပေးမည် ဖြစ်ပါသည်။

၇။ အစမ်းလေ့ကျင့်ပွဲနှင့် ဘွဲ့နှင်းသဘင်အခမ်းအနား တက်ရောက်ယူမည့် အမျိုး သားများသည် မြန်မာဝတ်စုံ၊ တိုင်းရင်းသားဝတ်စုံ၊ အနောက်တိုင်းဝတ်စုံပြည့်နှင့် အမျိုး သမီးများသည် မြန်မာ့ယဉ်ကျေးမှုနှင့် ကိုက်ညီသော မြန်မာထဘီအင်္ကျီနှင့် တိုင်းရင်းသားဝတ်စုံကိုသာ ဝတ်ဆင်ခွင့်ပြုသည်။

၈။ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်မတိုင်မီ ဘွဲ့နှင်းသဘင်တွင် ဘွဲ့ယူရန် လျှောက်ထားခြင်း မရှိသူများသည် (၅၅)ကြိမ်မြောက် ဘွဲ့နှင်းသဘင်တွင် အဝေးရောက်ဘွဲ့ကိုသာ လျှောက်ထားနိုင်ပါသည်။

၉။ အသေးစိတ်အချက်အလက်များကို သိရှိလိုပါက ရန်ကုန်ပညာရေး တက္ကသိုလ်၊ သင်တန်းရေးရာဌာန၊ ဘွဲ့နှင်းသဘင်ဌာနစိတ်တွင် ဖုန်း-၀၉-၅၁၀၄၅၆၉နှင့် ၀၉-၄၂၈၀၀၄၆၃၃များတွင် မေးမြန်းစုံစမ်းနိုင်ပါသည်။ (ဘွဲ့နှင်းသဘင် ကျင်းပမည့်ရက်နှင့် အစီအစဉ်များကို ထပ်မံကြေညာပါမည်။

ဌာနမှူး(သင်တန်းရေးရာ) ရန်ကုန်ပညာရေးတက္ကသိုလ်


 
 
 

Comments


  • alt.text.label.Facebook

©2022 by MKS ပညာရေးဝန်ဆောင်မှုလုပ်ငန်း. Proudly created with Wix.com

bottom of page